Student Information System

University of Computer Studies, Yangon

ဤ System ကို အသုံးပြုသူသည် အောက်ပါသဘောတူညီချက်နှင့် လိုက်နာရန် စည်းကမ်းချက်များကို သဘောတူ လိုက်နာရပါမည်။
အောက်ပါအချက်များထဲမှ တစ်ခုခုကို သဘောမတူ၊ မလိုက်နာနိုင်ပါက ဤ System ကို အသုံးမပြုသင့်ပါ။


သဘောတူညီချက်

ဤ UCSY-SIS (Student Information System) ကို ဝင်ရောက်အသုံးပြုသူသည် အောက်ပါ သဘောတူညီချက်ကို သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်ပါသည်။

  • ဤ UCSY-SIS (Student Information System)သည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ကျင့်သုံးလျှက်ရှိသော Credit Hour System ကို အထောက်အကူ ပြုစေရန်အတွက် ရည်ရွယ်လျှက် Volunteer များက စေတနာရှေ့ထားကာ မည်သည့်အကျိုးအမြတ်မှမယူဘဲ ရေးသားပြုစုထားခြင်း ဖြစ်ပါသည်။

  • ဤ System တွင် အားနည်းချက်များ၊ မှားယွင်းမှုများမရှိအောင် တတ်နိုင်သမျှ စိစစ်ကာ ပြုစုထားပါသည်။ အချက်အလက်များကိုလည်း အတတ်နိုင်ဆုံး ကာကွယ်မှုများ ပြုလုပ်ထားပါသည်။ အကယ်၍ အားနည်းချက်များ၊ အမှားအယွင်းများ တွေ့ရှိပါကလဲ အတတ်နိုင်ဆုံး ဆောလျင်စွာ ပြန်လည် ပြင်ဆင်ပေးမည် ဖြစ်ပါသည်။

  • ကျောင်းသားရေးရာဌာန၏ အလုပ်များကို ပိုမိုမြန်ဆန်အောင်ပြုစုထားခြင်းသာဖြစ်သဖြင့် အချက်အလက်မကိုက်ညီမှု တစ်စုံတစ်ရာ ရှိခဲ့ပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ရှိသော အချက်အလက်သာ အတည်ဖြစ်ပါသည်။

  • ဤ System ၏ အားနည်းချက်များ၊ မှားယွင်းမှုများကြောင့် ဖြစ်ပေါ် လာမည့် မည်သည့် အကောင်း၊ အဆိုး သက်ရောက်မှုကိုမဆို ပြုစုရေးသားသည့် စေတနာရှင် Volunteer များမှ တာဝန်ခံ၊ တာဝန်ယူပေးမည် မဟုတ်ပါ။ အမိ တက္ကသိုလ်အတွက် စေတနာ ရှေ့ထားကာ ကူညီဖြေရှင်းပေးမည်သာ ဖြစ်ပါသည်။

လိုက်နာရန်စည်းကမ်းများ

ဤ UCSY-SIS (Student Information System) ကို ဝင်ရောက်အသုံးပြုသူသည် အောက်ပါ လိုက်နာရန်စည်းကမ်းများကို အပြည့်အဝ လိုက်နာရပါမည်။

  • ဤ System တွင် ထိန်းသိမ်းထားရှိသော အချက်အလက်များသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပိုင်ဆိုင်သည့်အရာများ ဖြစ်ပါသည်။ မိမိနှင့်မသက်ဆိုင်သော မည်သည့်အချက်အလက်ကိုမဆို ရယူရန် ကြိုးစားခြင်း၊ ရယူခြင်းကို ခွင့်မပြုပါ။ တရားမဝင်သည့် လုပ်ရပ်ဖြစ်ပါသည်။

  • ဤ System ကပေးသော ဝန်ဆောင်မှု Services များမှ မဟုတ်ဘဲ အခြားနည်းဖြင့် အသုံးပြုရန် ကြိုးစားခြင်း၊ အသုံးပြုခြင်းကို တားမြစ်ပါသည်။

  • အခြားနည်းလမ်း တစ်ခုခုကို အသုံးပြုပြီး ဤ​ဝက်ဘ်ဆိုက် သို့မဟုတ် ဝန်ဆောင်မှု​ကို ဝင်ရောက်​နှောင့်ယှက်ခြင်း ခွင့်မပြုပါ။

  • ဒီ​ဝက်ဘ်ဆိုက်ကို ဖျက်လိုဖျက်ဆီး​သဘော​ဖြင့် ဝင်ရောက် အသုံးပြုခြင်း၊ ဝက်ဘ်ဆိုက်​ထဲတွင် ရရှိနိုင်​ရာများကို ပျက်စီး​ချွတ်ယွင်း​စေခြင်း​မျိုး ပြုလုပ်ခြင်း ခွင့်မပြုပါ။

  • ဤ စာမျက်နှာတွင် ရှိသော သဘောတူညီချက်များနှင့် လိုက်နာရန် စည်းကမ်းများကို အလျဉ်းသင့်သလို ပြန်လည်ပြင်ဆင်မည်ဖြစ်ပါသည်။ ယင်းပြင်ဆင်ချက်များသည် ဤစာမျက်နှာတွင် ဖတ်ရှုနိုင်သည့်အချိန်ကစပြီး သက်ရောက်မှုရှိပါသည်။ ထို့ကြောင့် ဤစာမျက်နှာကို ပုံမှန် ဖတ်ရှုရန် လိုအပ်ပါသည်။